မေလ ၅ ရက်နေ့ဟာ အဆိုတော် ဆုန်သင်းပါရ်နဲ့ခင်ပွန်းဖြစ်သူတို့ မင်္ဂလာလက်တွဲခဲ့ကြတာ ၁၅ နှစ်ပြည့်သွားခဲ့တာဖြစ်ကာ15th Crystal Anniversary ဖြစ်တဲ့နေ့အထိ ၂၀၁၀ ခုနှစ်တည်းက လက်တွဲလာခဲ့ကြတာဖြစ်ပြီး မေလ ၅ ရက်နေ့မှာ ပြည့်ခဲ့တဲ့ နှစ်ပတ်လည်နေ့လေးမှာ ဆုန်သင်းပါရ်က ချစ်လှချည်ရဲ့ဆိုပြီးလက်တွဲခဲ့ကြပေမယ့် မတည့်ကြတဲ့ လင်မယားတွေဖြစ်တယ်လို့ ဆိုပါတယ်။ မပြည့်စုံတဲ့သူ ၂ ဦးဖြစ်ပေမယ့် ၁၅ နှစ်ဆိုတဲ့ခရီးရှည်ကြီးကို သားသမီးတွေအတွက်ဆက်သွားဦးမယ်လို့ သူမကပြောပါတယ်။ ဆုန်သင်းပါရ်က သားလေးတစ်ယောက် သမီးလေးတစ်ယောက်နဲ့ ပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ကာ Anniversary နေ့လေးမှာ သားနဲ့သမီးက ဖေဖေနဲ့မေမေအတွက် သူတို့ကိုယ်ပိုင်အစွမ်းနဲ့ ပြုလုပ်ထားတဲ့ စုံတွဲလက်စွပ်လေးလက်ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။
၁၅ နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက် သားနဲ့သမီးဆီက လက်ဆောင်ရခဲ့တဲ့ အဆိုတော်ဆုန်သင်းပါရ်တို့ ဇနီးမောင်နှံ
May 08 • 6:18 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


