ရုရှားနိုင်ငံ၌ကျင်းပမည့် မဟာမျိုးချစ်စစ်အောင်ပွဲကြီးအထိမ်းအမှတ် နှစ် (၈၀) ပြည့်အခမ်းအနားသို့ တရုတ်သမ္မတရှီတက်ရောက်ရန် ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ် မော်စကိုသို့ရောက်ရှိလာပြီဖြစ်ကြောင်းသိရသည်။ တရုတ်ခေါင်းဆောင်သည် ရုရှားသို့နိုင်ငံတော်ခရီးစဉ်ဖြင့် လေးရက်ကြာလာရာက်ခြင်းဖြစ်ကာ နှစ်နိုင်ငံကြားယုံကြည်မှုကို ပိုမိုခိုင်မာစေရန်ပြုလုပ်မည်ဖြစ်သည်ဟုရုရှားမီဒီယာများ၏ဖော်ပြချက်အရ သိရသည်။ အမေရိကန်သမ္မတထရမ့်ပ်၏ အမေရိကသာပထမဟူသောမူဝါဒက ကမ္ဘာလုံးဆိုင်ရာမဟာမိတ်များအကြား စိုးရိမ်စရာဖြစ်နေချိန်၌ သမ္မတရှီ၏ ရုရှားစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မှုသည် ၎င်းတို့နှစ်နိုင်ငံကြားရှိ ညီညွတ်မှု၏ပြယုဂ်တစ်ခုလည်းဖြစ်လာခဲ့သည်။ထိုမျှသာမက သမ္မတပူတင်ကလည်း သမ္မတရှီကျင့်ဖျင်သည် ၎င်း၏အထူးဧည့်သည်တော်ဖြစ်သည်ဟုဆိုကာ နိုင်ငံတာ်အခမ်းအနားများဖြင့် ကြိုဆိုခဲ့သည်ဟုလည်း သိရသည်။



