ချင်းတွင်းမြစ်ကူးတံတား (ထမံသီ)၏ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတို့ရှိ ချဉ်းကပ်လမ်းများ ကွန်ကရစ်ခင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၂) က ချင်းတွင်း မြစ်ကူးတံတား (ထမံသီ)ကို တာဝန်ယူတည်ဆောက်နေပြီး ချဉ်းကပ်လမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီးမြို့- ပန်ဆပ် - ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်း မြစ်အားဖြတ်၍ တည်ဆောက်ထားသည့် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတားအရှည် - ၈၀၁ မီတာ၊ အကျယ် - ၉.၄ မီတာ၊ တံတားအခန်းပေါင်း - ၁၅ ခန်း ၊ ရေလမ်းကင်းလွတ် အမြင့် ၄၀ ပေ(HFL) ဖြင့် တည်ဆောက်လျက်ရှိပါတယ်။



