back

အိန္ဒိယနှင့်ပါကစ္စတန်ပြဿနာ ပိုမဆိုးရန် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ သတိပေး

May 08 • 6:06 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယနှင့်ပါကစ္စတန်ပြဿနာ ပိုမဆိုးရန် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ သတိပေး

ပါကစ္စတန်အုပ်ချုပ်သော ကက်ရှမီးယားဒေသရှိ အကြမ်းဖက်အခြေခံအဆောက်အအုံဟု သတ်မှတ်သည့် နေရာများကို အိန္ဒိယက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် နျူကလီးယား လက်နက်ပိုင်...

ပါကစ္စတန်အုပ်ချုပ်သော ကက်ရှမီးယားဒေသရှိ အကြမ်းဖက်အခြေခံအဆောက်အအုံဟု သတ်မှတ်သည့် နေရာများကို အိန္ဒိယက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် နျူကလီးယား လက်နက်ပိုင်ဆိုင်သော အိမ်နီးချင်းနိုင်ငံများအကြား တင်းမာမှုများ သိသိသာသာ မြင့်တက်လာခဲ့သည်။ဗြိတိန်၊ ရုရှား၊ တရုတ်၊ အီးယူနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ယခုတိုက်ခိုက်မှု များအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ခဲ့ကြပြီး တင်းမာမှုလျှော့ချရန် တောင်းဆိုထားသည်။ဥရောပသမဂ္ဂကလည်း နှစ်ဖက်စလုံးအနေဖြင့် ကက်ရှမီးရ်အရေးကို ငြိမ်းချမ်းနည်းဖြင့် ညှိနှိုင်းအဖြေရှာရန် တိုက်တွန်းသည်။ဩစတြေးလျအစိုးရက နှစ်နိုင်ငံစလုံးနှင့် သံတမန်ရေးနည်းလမ်းဖြင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း ပြောထားသည်။


news-view-count-icon

19