အာဆင်နယ်အသင်းသည် PSG အသင်းမှ တောင်ကိုရီးယားတိုက်စစ်ကစားသမား လီကန်အင်းအားခေါ်ယူရန် စိတ်ဝင်စားနေကြောင်းသိရသည်။ လီကန်အင်း (၂၄ နှစ်)သည် ယခုရာသီတွင် PSG အသင်း၌ ပုံမှန်ပွဲထွက် ခွင့်ရရန် ရုန်းကန်နေပြီး အရန်ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရနေကြောင်း သိရသည်။ ထို့ကြောင့် PSG အသင်းသည် လာမည့်နွေတွင် ၎င်းကို ရောင်းထုတ်ရန်စီစဉ်နေပြီး ယခုအခါ အာဆင်နယ်အသင်းက စိတ်ဝင်စားလာခြင်းဖြစ်ကြောင်း သိရှိရသည်။ PSG အသင်းသည် လီကန်အင်းအတွက် ပေါင်သန်း (၂၀)ဝန်းကျင်ဖြင့် ကမ်းလှမ်းမှုများကိုပင် လက်ခံဖွယ်ရှိနေကြောင်း သိရသည်။



