တရုတ်နိုင်ငံ၏ တောင်ဘက်ကမ်းရိုးတန်းတွင် အကြီးဆုံး အချက်အချာ သင်္ဘောဆိပ်ကမ်းဖြစ်သည့် ကွမ်ကျိုးဆိပ်ကမ်းမှ နန်ရှဆိပ်ကမ်း ကွန်တိန်နာ တာမင်နယ်နှင့် ပီရူးနိုင်ငံ ချမ်ကေးဆိပ်ကမ်းသို့ တိုက်ရိုက်ပင်လယ်ရေကြောင်းလမ်းကို ဧပြီ ၂၉ ရက်က စတင်ခဲ့သည်။၎င်းလမ်းကြောင်းသစ်သည် တရုတ်နှင့် လက်တင်အမေရိကကြား အထူးသဖြင့် တောင်အမေရိကနှင့် တရုတ် ရေကြောင်း ကုန်သွယ်မှုတွင် ထောက်ပံ့ပို့ဆောင်ရေးစရိတ်များကို လျှော့ချရန်နှင့် ကုန်သွယ်မှုကို အရှိန်မြှင့်ရန် မျှော်မှန်းထားသည်။၎င်းလမ်းကြောင်းသစ်သည် မက္ကဆီကိုနိုင်ငံ Manzanillo ဆိပ်ကမ်းနှင့် ချီလီနိုင်ငံ San Antonio ဆိပ်ကမ်းအပါအဝင် တောင်အမေရိကရှိ အခြားသော အဓိကဆိပ်ကမ်းများနှင့် ချိတ်ဆက်ထားသည်။



