အာဂျင်တီးနားကြယ်ပွင့် ဂါနာချိုဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ထင်ကြေးသတင်းတွေ ထွက်ပေါ်နေပေမယ့် သူဟာ ယူနိုက်တက်အသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောခဲ့ပါတယ်။ ဂါနာချိုက “ကျနော်ဟာ အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ရှိနေပြီး ဒီမှာရှိနေရတာကို ပျော်ရွှင်နေပါတယ်။ ကျနော်ဟာ နေ့တိုင်းအလုပ်ကို ကြိုးစားလုပ်ဆောင်ပြီး ကျနော် ကစားချင်တဲ့ အကြောင်းကို နည်းပြကို ပြသပါ တယ်။ ဒါက ကျနော် လုပ်ဖို့လိုအပ်တဲ့ တစ်ခုတည်းသော အရာဖြစ်တယ်”လို့ ပြောခဲ့တာပါ။



