တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တရုပ်၏ဂျပန် တော်လှန်ရေးစစ်ပွဲနှင့် ဆိုဗီယက်ယူနီယံ၏ မဟာမျိုးချစ်စစ်ပွဲတွင် အောင်ပွဲရနှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်-ရုရှားပြည်သူချင်း ဖလှယ်ပွဲ နှင့် ယဉ်ကျေးမှုဖလှယ်ပွဲကို မေ၇ရက်နေ့တွင် ဂုဏ်ပြုစကား ပြောကြားခဲ့ပါသည်။၎င်း၏ဂုဏ်ပြုစကားတွင် ရှီက လွန်ခဲ့သည့်နှစ်ပေါင်း ၈၀ က တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ရုရှားပြည်သူများသည် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်စစ်ပွဲအောင်ပွဲအတွက်ဖျောက်ဖျက်၍မရသော သမိုင်းဝင်သော ပါဝင်မှုများကို ပူးတွဲလုပ်ဆောင်ခဲ့ပြီး မပြိုကွဲနိုင်သော ကြီးမားသော သွေးခြင်းချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်ခဲ့ပြီး နှစ်နိုင်ငံအဆင့်မြင့်ဆက်ဆံရေးတိုးတက်ရေးအတွက် ခိုင်မာသော အုတ်မြစ်ကိုချခဲ့ကြောင်း ဖော်ပြခဲ့သည်။နှစ် ၈၀ အကြာတွင် နှစ်ဖက်စလုံး၏ ပူးပေါင်းကြိုးပမ်းမှုများနှင့်အတူ တရုတ်-ရုရှား ဆက်ဆံရေးသည် အသစ်ပြန်လည် ရှင်သန်အားကောင်းကြောင်း ပြသခဲ့ပြီး အဓိက နိုင်ငံခြင်းဆက်ဆံရေး ပုံစံသစ်ကို ပုံဖော်ခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်။



