အိန္ဒိယနှင့် ပါကစ္စတန်တို့အနေဖြင့် တည်တည်ငြိမ်ငြိမ်ရှိရန်၊ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်၊ အခြေအနေ ပိုမိုရှုပ်ထွေးစေနိုင်သည့် လုပ်ရပ်များကို ရှောင်ကြဉ်ရန် တရုတ်နိုင်ငံက နှစ်ဖက်စလုံးအား တိုက်တွန်းကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၇ ရက်၌ ပြောကြားခဲ့သည်။မေ ၇ ရက် အစောပိုင်းတွင် ပါကစ္စတန်ရှိ ပစ်မှတ်များကို အိန္ဒိယက စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပါကစ္စတန်ဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်မှု ဖြစ်ပွားခဲ့ခြင်းနှင့် စပ်လျဉ်း၍ မီဒီယာ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာ၌ ၎င်းပြောရေးဆိုခွင့်ရှိသူက ဖြေကြားခဲ့သည်။



