Platinum Group ဟာ Pratunam ဧရိယာမှ အချက်အချာကျတဲ့ တည်နေရာတွေကို ဝယ်ယူထားပြီး လက်လီ ၊ လက်ကား ဖက်ရှင် ပစ္စည်း နယ်ပယ်မှာ ထိပ်တန်းက ဦးဆောင်နိုင်အောင် ကြိုးစားနေပါတယ်။ Platinum Group ဟာ အထင်ကရ ကုန်သွယ်ရေး ဗဟိုချက်ဖြစ်အောင် Platinum Fashion Mall ကို အားဖြည့်ဖို့ Platinum Square ကို ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။ အာဆီယံ ရဲ့ နံပါတ် ၁ ဖက်ရှင် ပစ္စည်း ရောင်းချတဲ့ ဗဟိုချက်ဖြစ်အောင် လုပ်ဆောင်မှာ ဖြစ်ပြီး ဖက်ရှင် ပစ္စည်း ထုတ်လုပ်သူတွေ၊ ရောင်းချသူတွေအတွက် အကျိုးအမြတ်ရနိုင်သလို တစ်ကမ္ဘာလုံးက ဈေးဝယ်သူတွေကို စွဲဆောင်ကာ ထိုင်းရဲ့ ခရီးသွားလုပ်ငန်းကို တိုးတက်စေမှာပါ။ ဒါ့အပြင် Platinum Square ဟာ အာရှရဲ့ အကြီးဆုံး လက်လီ ၊ လက်ကား ဖက်ရှင် ပစ္စည်းရောင်းချတဲ့ နေရာ ဖြစ်လာမှာပါ။



