back

သာစည်မြို့နယ် ယင်းမာပင်ကျေးရွာအုပ်စု ယင်းမာပင်ကျေးရွာအနီးတွင်စိတ်ကြွရူးသွပ်ဆေးပြား ၂၇၀,၀၀၀ဖမ်းမိခဲ့

May 08 • 4:05 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

သာစည်မြို့နယ် ယင်းမာပင်ကျေးရွာအုပ်စု ယင်းမာပင်ကျေးရွာအနီးတွင်စိတ်ကြွရူးသွပ်ဆေးပြား ၂၇၀,၀၀၀ဖမ်းမိခဲ့

မေလ ၂ ရက် မွန်းလွဲ ၃ နာရီတွင် သာစည်မြို့နယ် ယင်းမာပင်ကျေးရွာအုပ်စု ယင်းမာပင်ကျေးရွာအနီးတွင် စိုးလွင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ...

မေလ ၂ ရက် မွန်းလွဲ ၃ နာရီတွင် သာစည်မြို့နယ် ယင်းမာပင်ကျေးရွာအုပ်စု ယင်းမာပင်ကျေးရွာအနီးတွင် စိုးလွင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၇၀,၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၄,၀၅၀) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီတွင် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စု သူဌေးကုန်းကျေးရွာအနီးတွင် စိတ်ကြွရူးသွပ်ဆေးပြားများ လက်ခံမည့် တင်မော်ထွန်း (ခ) မော်ကြီး၊ သိန်းဇော်၊ ဝေဖြိုးကျော် (ခ) ကိုဖြိုး၊ သက်အောင်နှင့် သက်နိုင်စိုး (ခ) အငယ်လေးတို့ ငါးဦးအား TOYOTA WISH မော်တော်ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့်လည်းကောင်း၊ မောင်မောင်ဌေးနှင့် ဇော်လတ်မင်းတို့ နှစ်ဦးအား ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၆၁/၅)နှင့် (၂၆၁/၄) ကြားတွင် စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀,၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၁,၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၃,၀၀၀)၊ MARK II မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း၊ ည ၈ နာရီတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူ မလှညွန့်စိန်၊ မမေကြည်အေးနှင့် သန့်ဇင်ဖြိုး (ခ) ဌေးဝင်းတို့အား တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ်ကွက်ရှိ တည်းခိုခန်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၃၅ ပြား (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၀ ဒသမ ၆၇၅ သိန်း) နှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပါတယ်။



news-view-count-icon

23