တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအောက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း အထူးအဖွဲ့များဖွဲ့စည်း၍ နယ်စပ်ဂိတ်များ၊ ဆိပ်ကမ်းများနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ၌ စစ်ဆေးရေးများ ဆောင်ရွက်နေစဉ် ၂၀၂၅ ခုနှစ် ဧပြီလအတွင်း တာဝန်သိပြည်သူများမှ သတင်းပေးတိုင်ကြားမှု ၁၀၁ ကြိမ်မှ ၉၂ ကြိမ်တွင် ဖမ်းဆီးမှုအောင်မြင်ခဲ့ပြီး တန်ဖိုးကျပ် ၁၀၅၉၂ ဒသမ ၈၅၄ သန်းရှိသည့် ကုန်ပစ္စည်း ၆၅ မျိုးနှင့် တင်ဆောင်လာသည့် ရေယာဉ်၊ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် သတင်းပေးသူများအား ၂၀ ရာခိုင်နှုန်းအဖြစ် ငွေကျပ် သန်း ၂၁၁၈ ခန့်ကို ဆုကြေးငွေချီးမြှင့်မည်ဖြစ်၍ သတင်းပေးမှုများအတွက် ဖုန်းနံပါတ်များနှင့် အီးမေးလ်လိပ်စာများကိုလည်း သတ်မှတ်ထား၍ ဆောင်ရွက်ပေးနေသည်။



