ထိုင်းနိုင်ငံ ၊ ဖူးခက်မြို့နယ်တွင် အလုပ်ရှင်ထံမှ ဘတ် ၁.၁ သန်း ခိုးယူခဲ့သည့် မြန်မာအလုပ်သမား တစ်ဦးအားဖမ်းမိခဲ့ကြောင်း ဖူးခက်ရဲတပ်ဖွဲ့ထံမှသိရပါတယ်။ဖူးခက်မြို့၊တလေ(Cherng Talay)ရပ်ကွက်တွင် မေလ (၁) ရက်မှ (၇) ရက်နေ့အထိ မှုခင်းနှိမ်နင်းရေး (၇) ရက်တာလှုပ်ရှားမှုအတွင်း အသက် ၂၃ နှစ်အရွယ် ညီဘိုသက်ဟု အမည်ရသည့် မြန်မာအလုပ်သမားအားဖမ်းမိခဲ့ပါတယ်။အဆိုပါသံသယရှိသူအား တလေရှိ အာသွန်း အိမ်ရာစီမံကိန်း အဆောက်အဦး ၉၂ ရှေ့တွင် ဖမ်းဆီးခဲ့ကာရဲများ၏ အဆိုအရ ညီဘိုသက်ထံမှ မော်တော်ဆိုင်ကယ်၊ ရာဇဝတ်မှု ကျူးလွန်စဉ် ဝတ်ဆင်ခဲ့သော အဝတ်အစား၊ အနက်ရောင် ပခုံးလွယ်အိတ်၊ ဦးထုပ်၊ ဘတ် ၁,၉၈ဝ အပါအဝင် သက်သေခံပစ္စည်း ခုနစ်ခု သိမ်းဆည်းခဲ့ပါတယ်။ ထိုင်းဘတ်ငွေ ၁,၁၇၉,၈၉ဝ နှင့် အမေရိကန်ဒေါ်လာ ၁ဝဝ ကိုလည်း ပြန်လည်ရရှိခဲ့သလိုဘန်းတော်(Bang Tao) အိမ်တစ်အိမ်တွင် ဖြစ်ပွားခဲ့သော ခိုးဝင်မှုတွင် သံသယရှိသူ၏ မျက်နှာကို CCTV တွင် မြင်တွေ့ရပြီးနောက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ထွက်ပြေးရာ လမ်းကြောင်းမှတဆင့် ခြေရာခံကာ ညီဘိုသက် အားဖမ်းဆီးခဲ့ကြောင်း ရဲများက ရှင်းပြသည်။တရားခံညီဘိုသက်အား ဥပဒေရေးရာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဖူးခက်မြို့ ၊ တလေ(Cherng Talayရဲစခန်းမှသိရပါတယ်။
May 08 • 3:36 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


