back

Apple ၏ တရုတ်ပြည် ရောင်းအား ကျဆင်း

May 08 • 2:53 AM

breaking-news

မြန်မာ

ပြည်ပ

cover

Apple ၏ တရုတ်ပြည် ရောင်းအား ကျဆင်း

Apple ကုမ္ပဏီသည် ယမန်နေ့က ထုတ်ပြန်ခဲ့သော ၎င်းတို့၏ ဘဏ္ဍာရေး ဒုတိယသုံးလပတ် (ဇန်နဝါရီ-မတ်) ရလဒ်များတွင် တရုတ်ဈေးကွက်၌ ရောင်းအား ဆိုးရွားစွာ ကျဆင်းခဲ့ကြောင်း ဖော်ပ...

Apple ကုမ္ပဏီသည် ယမန်နေ့က ထုတ်ပြန်ခဲ့သော ၎င်းတို့၏ ဘဏ္ဍာရေး ဒုတိယသုံးလပတ် (ဇန်နဝါရီ-မတ်) ရလဒ်များတွင် တရုတ်ဈေးကွက်၌ ရောင်းအား ဆိုးရွားစွာ ကျဆင်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ သို့သော် ကမ္ဘာ့ရောင်းအားအနေဖြင့် ၅% တိုးတက်ခဲ့ပြီး ၉၅.၄ ဘီလီယံဒေါ်လာအထိ ရရှိခဲ့သည်။ Apple ၏ အမှုဆောင်အရာရှိချုပ် တင်ကွတ်ခ်က လက်ရှိ တတိယသုံးလပတ် (ဧပြီ-ဇွန်) တွင် အခွန်အကောက်များအတွက် မြင့်မားသော ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း ၉၀၀ ခန့် မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။ ဒုတိယသုံးလပတ်တွင် တရုတ်ပြည်၌ Apple ၏ ရောင်းအားသည် ၁၆ ဘီလီယံဒေါ်လာသာ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၂.၃% လျော့ကျခဲ့သည်။ ရှယ်ယာရှင်များက ယင်းထက် ပိုမိုဆိုးရွားမည်ဟု မျှော်လင့်ထားသော်လည်း အမှန်တကယ် ကျဆင်းမှုသည် ၎င်းတို့၏ ခန့်မှန်းချက်ထက် ပိုဆိုးရွားခဲ့သည်။


news-view-count-icon

14