စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်နှင့် ပဲခူးမြို့များအတွင်းရှိ ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် (၃၈)ရက်မြောက်နေ့အဖြစ် ဆက်လက်လှည့်လည်ရောင်းချပေးလျက်ရှိပြီး ဝန်ထမ်းများ၏နေ့စဉ်အသုံးအစားနှင့် စားဝတ်နေရေးအဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။



