အမေရိကန် ဗဟိုဘဏ်အဖွဲ့အစည်း Federal Reserve Fed သည် လက်ရှိကျင့်သုံးနေသည့် မူဝါဒအတိုးနှုန်း 4.25%-5.5% ကို မပြောင်းမလဲ ဆက်လက်ထားရှိရန် မူဝါဒချမှတ်သည့် Federal Open Market Committee FOMC မေလ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။ အလုပ်လက်မဲ့ ပိုများလာမည့်အရေးနှင့် ကုန်ဈေးနှုန်း မြင့်တက်မည့်အရေးတို့ ပိုကြီးမားလာသဖြင့် အတိုးနှုန်းကို ပြီးခဲ့သည့် ဒီဇင်ဘာ အစည်းအဝေးတွင် ချမှတ်ခဲ့သည့်အတိုင်း 4.25%-5.5% ကို ဆက်လက်ထားရှိမည်ဟု ပြောကြားသည်။Fed ဥက္ကဋ္ဌ Jerome Powell က ငွေဖောင်းပွမှုသည် ရည်မှန်းထားသည်၏ အထက်မှာ ရှိနေဆဲ ဖြစ်သဖြင့် အတိုးနှုန်းကို ဆောလျင်စွာ လျှော့ချ၍ မဖြစ်ဟု ပြောကြားသည်။



