တရုတ်နိုင်ငံ၏ ပထမဆုံးသော တန်ချိန် ၉,၀၀၀ ဆံ့ လေသွင်း ကောက်ပဲသီးနှံသိုလှောင်ရုံ ငါးခုကို ချန်ရှားမြို့၌ အောင်မြင်စွာ အထိုင်ချထားပြီးဖြစ်သည်။ ခေတ်မီဆန်းသစ်သော အဆိုပါ အမိုးခုံးပုံသဏ္ဌာန် သိုလှောင်ရုံများမှာ ကောက်ပဲသီးနှံ သိုလှောင်သည့် နည်းပညာနယ်ပယ်တွင် ကြီးမားသော တိုးတက်မှုဖြစ်ကာ ၎င်းတို့၏ လေလုံအောင် ထိန်းထားနိုင်စွမ်းမှာလည်း နိုင်ငံလုံးဆိုင်ရာ စံချိန်စံညွှန်းများထက် ခြောက်ဆ ပိုမိုကောင်းမွန်ကြောင်း သိရသည်။



