ယနေ့ မေလ ၈ ရက်တွင် တနင်္သာရီတိုင်းနှင့် တချို့ပြည်နယ်များတွင် မိုးအတင်းအပြင်းရွာနိုင်ပြီး ကျန်ဒေသများတွင် မိုးထစ်ချုန်းအနည်းငယ်ဖြစ်နိုင်သည်။ တိမ်ထူမှုနှင့် မိုးတိမ်တောင်များကြောင့် လေပြင်း၊ မိုးကြိုးနှင့် မိုးသီးကြွေမှုများ ဖြစ်နိုင်သဖြင့် သတိပြုရန်လိုအပ်ပြီး၊ ပင်လယ်ပြင်၌လှိုင်းအမြင့် ၄ ပေမှ ၈ ပေရှိနိုင်သည်။



