" ဒီပွဲက ကျမ အတွက် သိပ်ကို အရေးပါနေပါတယ် ဘာလို့လဲ ဆိုတော့ ပရိသတ်တွေက ONE Championship လို နေရာမျိုးမှာ ရှင်သန်ကျင်လည်နေတာမျိုးကို မြင်ချင်ကြတယ် ၊ နိုင်ပွဲလဲ ရစေချင်ကြတယ်လေ။အဖွင့်ပွဲတုန်းက ရှုံးသွားတော့ ဒီပွဲအတွက် ပိုပြီး ပြင်ဆင်ရသလို ၊ သူတို့အတွက် နိုင်ပွဲလဲ ရယူပြချင်ပါတယ်။ တစ်ချိန်တည်းမှာ ONE Championship မှာ စာချုပ်ကြီးနဲ့ ထိုက်တန်တဲ့ ကစားသမားမျိုးဆိုတာလဲ သက်သေထူပြချင်တာပါ။ဒီပွဲအတွက် ပြင်ဆင်တဲ့ နေရာမှာ ယောက်ျားလေး ဖိုက်တာတွေနဲ့ ချည်းပဲ ပူးတွဲ လေ့ကျင့်ခဲ့ပါတယ်။ ဒါ့ကြောင့် အနိုင်ရလာဒ်က သေချာသလောက် ရှိတယ်လို့တောင် ပြောချင်ပါတယ်။ ဒါပေမယ့် လိုချင်တာက အလဲထိုး နိုင်ပွဲမျိုးပါ။ ကိုယ့်မှာ အားပါတဲ့ လက်သီးထိုးချက်တွေ ပိုင်ဆိုင်ထားလို့ အစွမ်းကုန်ကြိုးစားသွားပါမယ်၊အမှတ်နဲ့ နိုင်တာမျိုးတော့ လုံး၀ မလိုချင်ပါဘူး"ဆိုပြီးကယန်းဖိုက်တာဘရော်နီကာက ဆိုလာပါတယ်။
May 08 • 12:54 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


