မေလ၇ရက်တွင်ဆီးဂိမ်းအပါအဝင် နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရမည့် ပဏာမ မြန်မာ့လက်ရွေးစင် ယူ ၂၂ အသင်းနှင့် မြန်မာနေရှင်လိဂ်-၁ အသင်းတစ်သင်းဖြစ်သည့် I.S.P.E အ သင်းတို့ ခြေစမ်းပွဲကစားခဲ့ကြကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသလိုမြန်မာ့လက်ရွေးစင် ယူ ၂၂ အသင်းသည် ဒေသတွင်း နိုင်ငံတကာ ယူ -၂၃ ပြိုင်ပွဲများအပါအဝင် ၂၀၂၅ ဆီးဂိမ်း၊ အာဆီယံ ယူ -၂၃ ချန်ပီယံရှစ်၊ အာရှ ယူ -၂၃ ချန် ပီယံရှစ်ပြိုင်ပွဲများ ဝင်ရောင်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။အသင်းအား ဂျပန်နိုင်ငံသား နည်းပြချုပ် ကူရိုမှ တာဝန်ယူကိုင်တွယ်နေပြီး နိုင်ငံတကာ ပြိုင်ပွဲများအတွက် ကာလရှည် လေ့ကျင့်နေသော အသင်းတစ်သင်းလည်းဖြစ်ပါတယ်။
May 08 • 12:50 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


