မေလ(၆)ရက်နေ့ နှင့် (၇)ရက်နေ့ တွင်မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကျေးလက်ဒေသ၊ ကေလာ အုပ်စု အရှေ့မြောက် ၊ အနောက်မြောက် ၊ အနောက်တောင်၊အင်းခြံ ရွာ၊ စိတ္တကျေးရွာ နှင့် အုန်းပင်ရွာ တို့တွင် ငလျင်ဘေးဒဏ်ထိခိုက်ခံစားရ၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လူမှုကရုဏာ အကူအညီများ ဆက်လက်လုပ်ဆောင်ပေးလျက်ရှိရာ ငလျင်ဘေးသင့်အိမ်ထောင်စု (၃၇၂)စု အတွက် အိမ်ထောင်စု တစ်စုလျှင် ငွေသား (၅၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေသား (၁၈၆)သိန်းကျပ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သွားရောက်ထောက်ပံ့ပေးခဲ့ပါတယ်။ထိုဒေသရှိ ရပ်ရွာလူထုအား စိတ်ပိုင်းဆိုင်ရာအားပေးနှစ်သိမ့်ခြင်း၊ ကလေးငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်စေရန် နှင့် ကြောက်ရွံ့ထိတ်လန့်မှုတွေကို သက်သာစေဖို့အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကလေးငယ်များအား အားပေးစောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာများနှင့်ကလေးပျော်စင်တာကိုပါ ဖွင့်လှစ်ခဲ့ရာ ကလေးငယ်များ လာရောက်ဆော့ကစားခဲ့ပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရှမ်းပြည်နယ်တောင်ပိုင်းရှိ ငလျင်သင့်ခံရသူများအား သွားရောက်ထောက်ပံ့ကူညီခဲ့
May 08 • 12:49 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 21 | 0 | 0 | 0 |


