မေလ ၇ ရက်နေ့ဟာ နာမည်ကျော် သရုပ်ဆောင် ဒွေးရဲ့ အသက် ၅၉ နှစ်ပြည့် မွေးနေ့လေးပဲဖြစ်ကာ ဒီနေ့မွေးနေ့လေးမှာ သရုပ်ဆောင် ဒွေး ကမရှိနိုင်တော့ပေမယ့် သူ့ရဲ့မွေးနေ့အမှတ်တရအလှူအဖြစ် အနုပညာညီအစ်ကိုဖြစ်တဲ့ သရုပ်ဆောင်ဇွဲနိုင်ဝင်းက အင်းဝမှာ အာရုဏ်ဆွမ်းကပ်ဘုရားဝတ်ပြုပြီးတော့ လမ်းဘေးရှိလေလွင့်ခွေးလေးတွေကို အစာကျွေးကုသိုလ်ပြုခဲ့ပါတယ်။သရုပ်ဆောင် ဇွဲနိုင်ဝင်းဟာ သရုပ်ဆောင် ဒွေးနဲ့ ပတ်သက်တဲ့ အမှတ်တရနေ့ရက်တွေကို မှတ်သားထားပြီး အလှူအတန်းတွေ ယနေ့အထိ ပြုပေးနေသူလည်းဖြစ်ပါတယ်။



