back

ထိုင်းနိုင်ငံတွင် ဒေါင့်သန်ရောဂါ ကူးစက်ခံရမှုကြောင့် ၁ ဦးသေဆုံး၊ ၃ ဦးဆေးကုသမှုခံယူနေရ

May 07 • 8:08 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံတွင် ဒေါင့်သန်ရောဂါ ကူးစက်ခံရမှုကြောင့် ၁ ဦးသေဆုံး၊ ၃ ဦးဆေးကုသမှုခံယူနေရ

ထိုင်းနိုင်ငံ၊ မုဒါဟန်ခရိုင်၊ ဒွန်တန်မြို့နယ်တွင် ဒေါင့်သန်ရောဂါ ကူးစက်ခံရမှုကြောင့် ဒေသခံရွာသား ၁ ဦးသေဆုံးကာ ၃ ဦးဆေးကုသမှုခံယူနေရကြောင်း မုဒါဟန်ခရိုင်၊ ကျန်းမာ...

ထိုင်းနိုင်ငံ၊ မုဒါဟန်ခရိုင်၊ ဒွန်တန်မြို့နယ်တွင် ဒေါင့်သန်ရောဂါ ကူးစက်ခံရမှုကြောင့် ဒေသခံရွာသား ၁ ဦးသေဆုံးကာ ၃ ဦးဆေးကုသမှုခံယူနေရကြောင်း မုဒါဟန်ခရိုင်၊ ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။မုဒါဟန်ခရိုင်ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဧပြီ လ ၃၀ ရက်နေ့အတွင်း မုဒါဟန်ခရိုင်၊ ဒွန်တန်မြို့နယ်တွင် သံသယလူနာ ၆၃၆ ဦးနှင့် ကူးစက်လူနာ ၄ ဦးရှိပြီး၊ အဆိုပါ ကူးစက်လူနာ ၄ ဦးတွင် ၁ ဦးသေဆုံးသွားကြောင်း သိရသည်။ယနေ့ မေလ ၇ ရက်တွင် သံသယလူနာ ၆၃၆ ဦးအနက် ၉၈ ဦးသာကျန်ရှိပြီး၊ ကူစက်လူနာ ၃ ဦးမှာ မုဒါဟန်ဆေးရုံကြီးတွင် ၂ ဦး၊ ဒွန်တန်မြို့နယ်ရှိ ဆေးရုံကြီးတွင် ၁ ဦး၊ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

news-view-count-icon

21