ကာဇက်စတန် ကတ္တရာစက်ရုံ ထုတ်လုပ်ရေးစွမ်းရည်တိုးချဲ့ပြုပြင်တည်ဆောက်မှုစီမံကိန်း စတင် ထုတ်လုပ်ခြင်း အခမ်းအနားကို မေ ၅ ရက်က ကာဇက်စတန်နိုင်ငံ အနောက်ပိုင်းမြို့ဖြစ်သော အက်ခ်တောင်း၌ ကျင်းပခဲ့သည်။ကက်စပိန်ကတ္တရာစက်ရုံကို တရုတ်နိုင်ငံ CITIC Construction Co., Ltd. မှ တာဝန်ယူတည်ဆောက်ကာ ပြုပြင်တည်ဆောက်ပြီးနောက် နှစ်စဉ်ရေနံစိမ်း စီမံနိုင်စွမ်းသည် တနှစ်လျှင် တန်ချိန် ၁ သန်းမှ ၁.၅ သန်းအထိ တိုးမြင့်လာပြီး နှစ်စဉ်ထုတ်လုပ်နိုင်သော ကတ္တရာပမာဏမှာ တန်ချိန် ၅ သိန်းမှ ၇.၅ သိန်းအထိ တိုးတက်လာမည်ဖြစ်သည်။



