မာဆေးလ်အသင်းဟာ ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ချိတ်ဆက်မှုတွေရှိနေတဲ့ လိုင်လီအသင်း ကွင်းလယ်လူ အိန်ဂျယ်လ်ဂိုးမက်စ်ကို ခေါ်ယူဖို့ ဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။ အိန်ဂျယ်လ်ဂိုးမက်စ်ဟာ ဒီရာသီကုန်ရင် လိုင်လီအသင်းနဲ့ စာချုပ်ကုန်ဆုံးမှာ ဖြစ်တဲ့အတွက် မာဆေးလ်အသင်း ဟာ သူ့ရဲ့အခြေအနေကို စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ L'Equipe က ဖော်ပြထားတာပါ။ မာဆေးလ်အသင်းဟာ အလွတ်နဲ့ခေါ်ယူလို့ရမယ့် အင်္ဂလန်ကွင်းလယ်လူ အိန်ဂျယ်လ်ဂိုးမက်စ်ကို စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းမှုပါ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။



