ဂါဇာကမ်းမြောင်ဒေသကို စစ်ရေးအရ ထိုးစစ်ချဲ့ထွင်ဖို့ အစ္စရေးဝန်ကြီးအဖွဲ့က အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ဂါဇာမှာရှိတဲ့ ဟားမာ့စ်တွေအပေါ် စစ်ရေးအရ ထိုးစစ်ချဲ့ထွင်ဖို့ အစီအစဉ်ကို အစ္စရေး လုံခြုံရေးဝန်ကြီးအဖွဲ့က အတည်ပြုလိုက်ပြီဖြစ်ကြောင်း အစ္စရေး အရာရှိတစ်ယောက်က ပြောကြားခဲ့ ပါတယ်။အစ္စရေးဝန်ကြီးချုပ်ကလည်း ဟားမာ့စ်တွေကို ဖြိုခွင်းပြီး ကျန်ရှိနေတဲ့ ဓားစာခံတွေကို ကယ်ဆယ်ဖို့အတွက် ပြင်းပြင်းထန်ထန် စစ်ဆင်ရေးတစ်ခု ပြုလုပ်ဖို့ ဆုံးဖြတ်ထားပြီး ဂါဇာရှိ လူဦးရေ ၂ ဒသမ ၁ သန်းကို ကာကွယ်ရေး အတွက် ရွှေ့ပြောင်းမှုတွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
| 13 | 0 | 0 | 0 |


