back

ဂါဇာကိုလေကြောင်းမှ အစ္စရေးထပ်တိုက်ခိုက်သဖြင့် ကလေးများနှင့် အမျိုးသမီးများအပါအဝင် ၁၉ ဦးသေဆုံး

May 06 • 4:44 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂါဇာကိုလေကြောင်းမှ အစ္စရေးထပ်တိုက်ခိုက်သဖြင့် ကလေးများနှင့် အမျိုးသမီးများအပါအဝင် ၁၉ ဦးသေဆုံး

မေလ၅ရက်နေ့က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုနှစ်ခုကြောင့် ပါလက်စတိုင်းမြောက်ပိုင်း နယ်မြေတွင် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း ဂါဇာရှိ အရပ်ဘက်ကာကွယ်ရေးအေဂျင်စ...

မေလ၅ရက်နေ့က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုနှစ်ခုကြောင့် ပါလက်စတိုင်းမြောက်ပိုင်း နယ်မြေတွင် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း ဂါဇာရှိ အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ပြောကြားခဲ့သည်။အစ္စရေး၏ တိုက်ခိုက်မှုအပြီးတွင် ဂါဇာမြို့တော် အနောက်မြောက်ဘက်ရှိ တိုက်ခန်းသုံးခန်းတွင် မြင့်မြတ် စွာသေဆုံးသွားရသူ ၁၅ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀ ဦးကို တွေ့ရှိခဲ့ပြီး အများစုမှာ ကလေးများနှင့် အမျိုးသမီးများ ဖြစ်ကြောင်း အေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ မာမွတဘာဆယ် က ပြောသည်။

news-view-count-icon

21