အင်တာမီလန်နည်းပြ ဆီမြွန်နီအင်ဇာဂီက ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်ရန်အတွက် ဘာစီလိုနာတိုက်စစ်ကစားသမား ယမားလ်ကို တားဆီးနိုင်ရန် လိုအပ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။ အင်တာမီလန်အသင်းသည် ဘာစီလိုနာကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့တွင် (၃-၃)ဂိုးဖြင့် သရေကစားနိုင်ခဲ့သည်။သူ့ဆီ ဘောလုံးမရောက်အောင် လုပ်နိုင်ဖို့ လိုပါတယ်။ ဒါပေမဲ့ အဲဒါက မဖြစ်နိုင်ပါဘူး။ သူ့ကို double marking လုပ်တာ ဒါမှမဟုတ် ကစားသမားတစ်ယောက်နဲ့ ထိန်းချုပ်တာမျိုးပဲဖြစ်ဖြစ် လုပ်ဆောင်သွားရမှာပါ။ သူက (၁၇)နှစ်ပဲ ရှိသေးပေမဲ့ အရမ်းအန္တရာယ်များတဲ့သူပါ။ လူတိုင်းက သူ့ဆီ ဘောလုံးပေးပို့နေကြတာပါ။ သူ့ရဲ့ တွေးခေါ်မှုက အရမ်းမြန်ဆန်ပြီး ဘောလုံးမရောက်ခင်မှာကတည်းက ဘာလုပ်ရမလဲဆိုတာ သိနေပြီးသား ကစားသမား ဖြစ်ပါတယ်''ဟု အင်ဇာဂီက ပြောကြားခဲ့သည်။ ယမားလ်သည် ပထမအကျော့ပွဲတွင် အင်တာမီလန်ဘက်သို့ တစ်ဂိုးသွင်းယူခဲ့သူဖြစ်ပြီး ယခုရာသီ၌ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၅၀) ကစားကာ (၁၅)ဂိုး သွင်းယူထားသူဖြစ်သည်။
ဗိုလ်လုပွဲတက်ရောက်ရန်အတွက် ဘာစီလိုနာတိုက်စစ်ကစားသမား ယမားလ်ကို တားဆီးနိုင်ရန်လိုအပ်သည်ဟု အင်တာမီလန်နည်းပြအင်ဇာဂီ သုံးသပ်
May 06 • 4:43 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


