၂၈ ကြိမ်မြောက် အာဆီယံနှင့် တရုတ်-ဂျပန်-တောင်ကိုရီးယား (၁၀+၃) ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို မေ ၄ ရက်တွင် အီတလီနိုင်ငံ မီလန်မြို့၌ ကျင်းပခဲ့ပြီး ကမ္ဘာလုံးနှင့် ဒေသတွင်း မက်ခရိုစီးပွားရေးအခြေအနေ၊ ၁၀+၃ ဒေသတွင်း ဘဏ္ဍာရေးနှင့် ငွေကြေး ပူးပေါင်းဆောင်ရွက်မှု စသည့် အကြောင်းအရာများကို အဓိကအားဖြင့် ဆွေးနွေးခဲ့သည့်အပြင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။



