back

နေပြည်တော်၌ ပြန်လည်ထူထောင်ရေးအတွက် ဆောက်လုပ်ရေးပစ္စည်း ဈေးရောင်းပွဲတော်ကျင်းပမည်

May 06 • 3:07 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်၌ ပြန်လည်ထူထောင်ရေးအတွက် ဆောက်လုပ်ရေးပစ္စည်း ဈေးရောင်းပွဲတော်ကျင်းပမည်

မတ် ၂၈ ရက်က အင်အားပြင်းငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများခံခဲ့ရသော နေပြည်တော်တွင် ပြန်လည်တည်ဆောက်ရေးအတွက် ဈေးနှုန်းသက်သာသည့် ဆောက်လုပ်ရေးပစ္စည်းဈေးရောင်းပွဲတေ...

မတ် ၂၈ ရက်က အင်အားပြင်းငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများခံခဲ့ရသော နေပြည်တော်တွင် ပြန်လည်တည်ဆောက်ရေးအတွက် ဈေးနှုန်းသက်သာသည့် ဆောက်လုပ်ရေးပစ္စည်းဈေးရောင်းပွဲတော်ကို မေ ၁၂ ရက်မှ ၂၇ ရက်အထိ တပေါင်းကွင်း၌ကျင်းပသွားမည်ဖြစ်ပြီး သံနဲ့သံမဏိပစ္စည်းများအပါအဝင် ပေ ၈၀၊ ၆၀ Tank အကြီးစားနယ်မြေ ၄ နေရာနှင့် ပေ ၃၀၊ ၆၀ Tank အလတ်စားနယ်မြေ ၄ နေရာက တိုက်ရိုက်ရောင်းချမည်ဟု သိရသည်။ ဈေးပွဲတော်သည် ငလျင်ဒဏ်ခံဒေသများတွင် ပြန်လည်ဆောက်လုပ်ရန်လိုအပ်သည့် ပစ္စည်းများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန်အတွက် ကျင်းပခြင်းဖြစ်ပြီး မန္တလေးနှင့် စစ်ကိုင်းမြို့များတွင်လည်း ဆက်လက်လုပ်ဆောင်ရန်အစီအစဉ်ရှိကြောင်း သံနဲ့သံမဏိအသင်းဥက္ကဋ္ဌက ပြောကြားထားသည်။


news-view-count-icon

9