၂၀၂၅ မေလ ၆ ရက်တွင် မြန်မာနိုင်ငံရှိ ရပ်ကွက်ဈေးများတွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးဈေးများကျဆင်းနေပြီး မြစ်သားကြက်သွန်နီတစ်ပိဿာ ၂၄၀၀ ကျပ်၊ ဆိပ်ဖြူကြက်သွန်နီ ၁၈၀၀ မှ ၂၃၀၀ ကျပ်၊ ကြူကုတ်ကြက်သွန်ဖြူ ၁၅၀၀၀ မှ ၁၆၀၀၀ ကျပ်၊ အာလူးတစ်ပိဿာ ၅၀၀၀ ကျပ်အထိနိမ့်နေတာကို တွေ့ရသည်။



