back

တရုတ်နိုင်ငံမှ လမ်းကြမ်းမောင်း လျှပ်စစ်ကား အီးဗီထုတ်လုပ်သည့် Rox Motor ပြည်ပဈေးကွက်ကို အဓိကထား

May 06 • 2:57 AM

breaking-news

မြန်မာ

ပြည်ပ

cover

တရုတ်နိုင်ငံမှ လမ်းကြမ်းမောင်း လျှပ်စစ်ကား အီးဗီထုတ်လုပ်သည့် Rox Motor ပြည်ပဈေးကွက်ကို အဓိကထား

တရုတ်နိုင်ငံမှ လမ်းကြမ်းမောင်း လျှပ်စစ်ကား (အီးဗီ) ထုတ်လုပ်သည့် Rox Motor သည် စတင်တည်ထောင်ခဲ့သည်မှာ သိပ်မကြာသေးသော်လည်း ပြည်ပဈေးကွက်ကိုသာ အဓိကထား ရောင်းချလျက်ရှ...

တရုတ်နိုင်ငံမှ လမ်းကြမ်းမောင်း လျှပ်စစ်ကား (အီးဗီ) ထုတ်လုပ်သည့် Rox Motor သည် စတင်တည်ထောင်ခဲ့သည်မှာ သိပ်မကြာသေးသော်လည်း ပြည်ပဈေးကွက်ကိုသာ အဓိကထား ရောင်းချလျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ထောင်ခဲ့သော Rox Motor သည် ၎င်း၏ ပထမဆုံး မော်ဒယ်ဖြစ်သည့် Rox 01 ကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် စတင်ရောင်းချခဲ့ပြီး ယခုအချိန်ထိ ထိုမော်ဒယ်တစ်ခုတည်းကိုသာ ထုတ်လုပ်ရောင်းချလျက်ရှိသည်။ Rox Motor ၏ အစီအစဉ်အရ ၂၀၂၅ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း နှစ်စဉ် မော်ဒယ်အသစ် တစ်ခုစီ ထုတ်လုပ်သွားမည်ဖြစ်သည်။ သို့သော် ကုမ္ပဏီသည် ပြည်တွင်းဈေးကွက်၌ ပြိုင်ဆိုင်မှုပြင်းထန်ပြီး ဈေးနှုန်းလျှော့ချ၍ ယှဉ်ပြိုင်နေရသည့် ဈေးနှုန်းစစ်ပွဲတွင် ပါဝင်ခြင်းမရှိဘဲ ပြည်ပဈေးကွက်ကိုသာ အဓိကထား ထိုးဖောက်လျက်ရှိသည်။ ၎င်း၏ ပြည်ပဈေးကွက်ချဲ့ထွင်မှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် Rox Motor သည် ယခုနှစ် ဖေဖော်ဝါရီလတွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ပထမဆုံး အရောင်းပြခန်းကို စတင်ဖွင့်လှစ်ခဲ့သည်။


news-view-count-icon

12