ကမ္ဘာ့အကြီးဆုံး ကားတင်သင်္ဘောဖြစ်သော "BYD Shenzhen" သည် ၎င်း၏ ပထမဆုံး ခရီးစဉ်အဖြစ် တရုတ်နိုင်ငံမှ ဘရာဇီးနိုင်ငံသို့ ဦးတည်ကာ ခုတ်မောင်းနေပြီဖြစ်သည်။ အဆိုပါ ဧရာမသင်္ဘောသည် ကားအစီးရေ ၉,၂၀၀ အထိ တင်ဆောင်နိုင်ပြီး ယခုခရီးစဉ်တွင် တရုတ်နိုင်ငံ၏ အထင်ကရ လျှပ်စစ်ကား ထုတ်လုပ်သူ BYD မှ ထုတ်လုပ်သော စွမ်းအင်သစ်သုံး မော်တော်ယာဉ် အစီးရေ ၇,၀၀၀ ကျော်ကို တင်ဆောင်ထားသည်။ "BYD Shenzhen" သည် တရုတ်နိုင်ငံ ကျန်းစုပြည်နယ်ရှိ Taicang ဆိပ်ကမ်းမှ ဧပြီလ ၂၇ ရက်နေ့တွင် စတင်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် ဘရာဇီးနိုင်ငံသို့ ဆိုက်ရောက်ရန် ရက်ပေါင်း ၃၀ ကျော် ကြာမြင့်မည်ဟု ခန့်မှန်းရသည်။ ဤခရီးစဉ်သည် တရုတ်နိုင်ငံ၏ လျှပ်စစ်ကားများ ကမ္ဘာ့ဈေးကွက်သို့ တိုးချဲ့ဝင်ရောက်လာမှုအတွက် အရေးပါသော မှတ်တိုင်တစ်ခုလည်း ဖြစ်သည်။
May 06 • 2:55 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 10 | 0 | 0 | 0 |


