ထိုင်း ကျန်းမာရေး အာဏာပိုင်တွေက ထိုင်းမှာ ထောင့်သန်းနာ ရောဂါကြောင့် လူ ၂ ယောက် ဆုံးပါးသွားတဲ့အတွက် ဝက်သား အစိမ်း မစားဖို့ သတိပေးလိုက်ပါတယ်။ ရောဂါလက္ခဏာတွေက အဖျားကြီးပြီး ကြွက်သားတွေ ကိုက်ခဲတာ ဖြစ်ပြီး အဲဒီ လက္ခဏာတွေ ဖြစ်ရင် ဆေးရုံကို ချက်ချင်းသွားရောက်သင့်တယ်လို့ အကြံပေးထားပါတယ်။ မေလ ၅ ရက်နေ့မှာ ကျန်းမာရေး ဝန်ကြီး Somsak Thepsuthin က Phrae ပြည်နယ်မှာ ထောင့်သန်းနာ ကူးစက်သူ ၁၄ ယောက်ရှိပြီး ၂ ယောက် ေသဆုံးတယ်လို့ ပြောပါတယ်။ Larb Moo လို ဝက်သား အစိမ်း ဟင်းလျာကို စားသုံးတာဟာ အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။ 
May 06 • 2:54 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 12 | 0 | 0 | 0 |


