back

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဒေသများကို ငလျင်ဘေးဒဏ်ထိခိုက်ခံစားရမှုအတွက် စုစုပေါင်း ငွေသား (၂၆၃) သိန်းကျပ်ကိုထောက်ပံ့ပေး

May 06 • 2:35 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဒေသများကို ငလျင်ဘေးဒဏ်ထိခိုက်ခံစားရမှုအတွက် စုစုပေါင်း ငွေသား (၂၆၃) သိန်းကျပ်ကိုထောက်ပံ့ပေး

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ သလဲအင်းအုပ်စု ၊ ညောင်ဝန်းကျေးရွာ နှင့် နမ့်ပန်မြို့ အုပ်စု ၁၊ ၂၊ ၃ တို့တွင် ငလျင်ဘေးဒ...

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ သလဲအင်းအုပ်စု ၊ ညောင်ဝန်းကျေးရွာ နှင့် နမ့်ပန်မြို့ အုပ်စု ၁၊ ၂၊ ၃ တို့တွင် ငလျင်ဘေးဒဏ်ထိခိုက်ခံစားရ၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လူမှုကရုဏာ အကူအညီများ ဆက်လက်လုပ်‌ဆောင်ပေးလျက်ရှိရာ မေလ(၄)ရက်နေ့ နှင့် (၅)ရက်နေ့ တွင် ငလျင်ဘေးသင့်အိမ်ထောင်စု (၅၂၆) စု အတွက် အိမ်ထောင်စု တစ်စုလျှင် ငွေသား (၅၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေသား (၂၆၃) သိန်းကျပ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သွားရောက်ထောက်ပံ့‌ပေးခဲ့ပါတယ်။ ထိုဒေသရှိ ရပ်ရွာလူထုအား စိတ်ပိုင်းဆိုင်ရာအားပေးနှစ်သိမ့်ခြင်း၊ ကလေးငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်စေရန် နှင့် ကြောက်ရွံ့ထိတ်လန့်မှုတွေကို သက်သာစေဖို့အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကလေးငယ်များအား အားပေးစောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာများနှင့်ကလေးပျော်စင်တာကိုပါ ဖွင့်လှစ်ခဲ့ရာ ကလေးငယ်များ လာရောက်ဆော့ကစားခဲ့ပါတယ်။



news-view-count-icon

20