MNL လိဂ်ဖလား အဖွင့်ပွဲစဥ် ၌ ဂိုးပြတ်အနိုင်ရရှိခဲ့သည့်ရခိုင်ယူနိုက်တက်အသင်း အား အသင်း ပိုင်ရှင် ဦးလှကျော်၀င်း မှ ဆုကြေးငွေ ကျပ် (၁၂)သိန်း ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။အဆိုပါ ချီးမြှင့်မှုသည် ယနေ့ပွဲ ဂိုးပြတ်အနိုင်ရလဒ် ထွက်ပေါ် ခဲ့ခြင်း နှင့် အနိုင် ၃ မှတ် ရယူနိုင်ခဲ့ခြင်းတို့ အပြင် ယခု ပြိုင်ပွဲ တွင် အောင်မြင်မှု များ ထပ်မံ ရရှိနိုင်စေရန် ရည်ရွယ်၍ ပေးအပ်ချီးမြှင့်ခဲ့ခြင်းလည်းဖြစ်သည်ဟုသိရကာအဆိုပါဆုကြေးငွေအား အသင်း CEO ဦးကျော်လွင် မှ အသင်းခေါင်းဆောင် ဇော်ဇော်နိုင်အား ပွဲအပြီး တွင် ပေးအပ်ခဲ့ပါတယ်။ရခိုင်ယူနိုက်တက်အသင်း သည် လာမည့် အုပ်စု ဒုတိယမြောက် ပွဲစဥ် တွင် ဟံသာ၀တီယူနိုက်တက် အသင်း နှင့်ထပ်မံယှဥ်ပြိုင် ကစားရမည်လည်းဖြစ်ပါတယ်။



