မြန်မာနိုင်ငံမှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို လေ့လာသုံးသပ်ဖို့ JICA ကျွမ်းကျင်ပညာရှင် အဖွဲ့တစ်ခုကို ဧပြီလ ၂၇ ရက်နေ့တွင် စေလွှတ်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ဧပြီလ ၂၆ ရက်နေ့ကထုတ်ပြန်ပါတယ်။ဒီအဖွဲ့ဟာ ဧပြီ၂၇ရက်နေ့မှာ ဂျပန်နိုင်ငံကနေထွက်ခွာလာမှာဖြစ်ပြီး မေလ ၃ ရက်နေ့အထိ ရန်ကုန်နဲ့ မန္တလေး အပါ အဝင် ငလျင်ဘေးဒဏ်သင့်ဒေသတွေဆီကို သွားရောက်ကြမှာဖြစ်ပါတယ်။ ငလျင်ဒဏ်သင့်ဒေသတွေရဲ့ လက်ရှိအခြေအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ လိုအပ်ချက်တွေကို အဓိကလေ့လာ သုံးသပ် သွားကြမှာဖြစ်တယ်လို့လည်း ဂျပန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
Apr 27 • 2:07 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 21 | 0 | 0 | 0 |


