ထိုင်းရဲ့ ဒေသများစွာမှာ အပူချိန် အလွန်မြင့်မားနေတဲ့အတွက် အဲကွန်း ဖွင့်တဲ့ အချိန်များပြားလာပါတယ်။ EV ကားသုံးစွဲမှု များလာတဲ့အတွက်လည်း ညဘက်တွေမှာ လျှပ်စစ်ဓါတ်အား သုံးစွဲမှု မြင့်တက်လာပါတယ်။ လက်ရှိ ညဘက်မှာ လျှပ်စစ်သုံးစွဲမှုဟာ အမြင့်မားဆုံးဖြစ်နေပြီး နိုင်ငံရဲ့ လျှပ်စစ် ထုတ်လုပ်နိုင်တဲ့ စွမ်းအားကို စိုးရိမ်စရာ ဖြစ်လာပါတယ်။ စွမ်းအင် ကော်မရှင် (ERC) ရဲ့ စာရင်းအရ ဧပြီလ ၂၄ ရက်နေ့ ည ၈ နာရီ ၄၈ မိနစ်မှာ ဒီနှစ်အတွင်း လျှပ်စစ်ဓါတ်အား အသုံးအများဆုံး ဖြစ်ခဲ့ပြီး 34,620.4 Megawatts သုံးစွဲခဲ့ပါသည်။ ထိုင်းမိုးလေဝသဌာနက ဧပြီလ ၂၁ ရက်နဲ့ ၂၂ ရက်မှာ ထိုင်း မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ အပူချိန်ဟာ ၄၀ ဒီဂရီ ဆဲလ်ဆီးယပ်စ် အထိ ရောက်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီအတွက် တစ်နိုင်ငံလုံးမှာ အဲကွန်း အသုံးပြုမှု မြင့်မားခဲ့ပြီး လျှပ်စစ်ဓါတ်အား အလွန် သုံးစွဲခဲ့ပါသည်။



