back

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရဲ့ Khlong Bang Lamphu တူးမြောင်းတွင် လျှပ်စစ် မော်တော်ဘုတ်တွေကို အခမဲ့ စီးနိုင်မည်

Apr 26 • 3:04 PM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရဲ့ Khlong Bang Lamphu တူးမြောင်းတွင် လျှပ်စစ် မော်တော်ဘုတ်တွေကို အခမဲ့ စီးနိုင်မည်

ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့တော်အုပ်ချုပ်ရေး ဌာန (BMA) က စနေနဲ့ တနင်္ဂနွေနေ့တွေမှာ Khlong Bang Lamphu တူးမြောင်းမှာ လျှပ်စစ် မော်တော်ဘုတ်တွေကို အခမဲ့ စီးခွင့်ပ...

ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့တော်အုပ်ချုပ်ရေး ဌာန (BMA) က စနေနဲ့ တနင်္ဂနွေနေ့တွေမှာ Khlong Bang Lamphu တူးမြောင်းမှာ လျှပ်စစ် မော်တော်ဘုတ်တွေကို အခမဲ့ စီးခွင့်ပြုလိုက်ပါတယ်။ ဆိပ်ကမ်း ၆ ခုမှာ ပြေးဆွဲပေးမှာ ဖြစ်ပြီး ခရီးသွားတွေဟာ နှစ်သက်တဲ့ ဆိပ်ကမ်းမှာ အတက်၊ အဆင်း ပြုလုပ်နိုင်ပါတယ်။ အဲဒီ ဆိပ်ကမ်း ၆ ခုမှာ Hua Lamphong Railway Station ဆိပ်ကမ်း၊ Pom Mahakan ဆိပ်ကမ်း၊ Ban Phan Thom Community ဆိပ်ကမ်း၊ King Taksin the Great Court ဆိပ်ကမ်း၊ Norrarat Sathan Bridge ဆိပ်ကမ်းနဲ့ Phra Sumen Fort ဆိပ်ကမ်း တို့ ဖြစ်ပါတယ်။ စနေနဲ့ တနင်္ဂနွေနေ့ နံနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ လျှပ်စစ် မော်တော်ဘုတ်တွေကို အခမဲ့ စီးနိုင်မှာ ဖြစ်ပါသည်။



news-view-count-icon

38