ဒီတစ်ပတ် TBPN podcast မှာ ဆရီနီဗက်စ်က သူ့ကုမ္ပဏီကနေ Comet ဆိုတဲ့ browser တစ်ခု ထုတ်မည်ဖြစ်ပြီး ဒီ browser က သူ့ပေါ်မှာ လာသုံးသမျှ အချက်အလက်တွေ ယူပြီး customized လုပ်ထားတဲ့ ပရီမီယမ်ကြော်ငြာတွေ ရောင်းစားမယ်လို့ ပြောသွားပါတယ်။ Comet browser က Google ရဲ့ open-source browser base ဖြစ်တဲ့ Chromium ပေါ်မှာ တည်ဆောက်တာဖြစ်ပြီး လာမယ့် မေလထဲ ထွက်ဖို့ ရှိပါတယ်။ Comet ကို ဖန်တီးတာက အင်တာနက်ပေါ်က လူတွေရှာဖွေတာ ၊ ဈေးဝယ်ထွက်တာ ၊ ခရီးသွားတာ ၊ ဝက်ဘ်ဆိုက်ကြည့်တာ စတဲ့ user behaviours တွေ ယူချင်လိုပါ။ Perplexity AI CEO က သူ့ app ပြင်ပက ဒေတာတောင် လိုချင်နေတာပါ။ သူကိုယ်တိုင်လည်း ဒါကို ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပါသည်။ Perplexity ကတော့ Comet လည်း ဖန်တီးနေသလို အမေရိကန်တရားရေး DOJ ဖိအားပေးလို့ Chrome ရောင်းရင်လည်း ဝယ်ချင်နေတယ်လို့ ဆိုပါသည်။



