DeepSeek ကို တုပြီး Alibaba က DeepSeek -V3 ထက် သာတဲ့ စွမ်းရည်မြင့် Qwen2.5-Max AI ကို ထုတ်ခဲ့သလို အခု Baidu ကလည်း သူ့အရင်ဗားရှင်းတွေထက် ထက်ဝက်မက ဈေးသက်သာပြီး performance ပိုကောင်းတဲ့ Ernie chatbot သစ်တွေ ကြေညာသွားပါတယ်။ ဒီတစ်ပတ် ဧပြီလ ၂၅ ရက် သောကြာနေ့ AI Developer ပွဲမှာ Baidu က Ernie 4.5 Turbo နဲ့ Ernie X1 Turbo မော်ဒယ်တွေကို ပွဲထုတ်တာ ဖြစ်ပြီး ထူးခြားတာက ဒီမော်ဒယ်တွေက အရင် AI တွေထက် ဈေးချိုပါသည်။ Ernie 4.5 Turbo က သူ့အရင် Ernie 4.5 မော်ဒယ်ထက် ၈၀% ဈေးပိုသက်သာသလို ဒီ Turbo မော်ဒယ်သစ်ပေါ် တည်ဆောက်ထားတဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းမြင့် Enie X1 Turbo ကလည်း သူ့အရင်ဗားရှင်းထက် ၅၀% ဈေးသက်သာပြီး နိုင်ငံတကာ ဈေးကွက်ထဲကိုတော့ Baidu ရဲ့ Qianfan ပလက်ဖောင်းနဲ့ တခြား cloud services တွေကနေ မကြာခင် ဖြန့်ချိဖို့ ရှိပါတယ်။ Baidu က ChatGPT လိုမျိုး chatbot ကို တရုတ်မှာ ပထမဆုံး ဖြန့်ချိခဲ့နိုင်ခဲ့တဲ့ ကုမ္ပဏီဖြစ်သည်။



