back

ပယ်မာဂိုးပေါက်ပျောက်နေမှု စိတ်နှင့်ဆိုင်ဟု မာရက်စ်ကာပြော

Apr 26 • 2:41 PM

breaking-news

မြန်မာ

ပြည်ပ

cover

ပယ်မာဂိုးပေါက်ပျောက်နေမှု စိတ်နှင့်ဆိုင်ဟု မာရက်စ်ကာပြော

ချဲလ်ဆီး ကွင်းလယ်တိုက်စစ်ကစားသမား ပယ်မာ ဂိုးပေါက်ပျောက်နေမှုက စိတ်ပိုင်းနဲ့ ဆိုင်တဲ့ အရာလို နည်းပြ မာရက်စ်ကာက ပြောလိုက်ပါတယ်။ ပယ်မာဟာ ချဲလ်ဆီးအသင်းအတွက် ရာသီအစ ...

ချဲလ်ဆီး ကွင်းလယ်တိုက်စစ်ကစားသမား ပယ်မာ ဂိုးပေါက်ပျောက်နေမှုက စိတ်ပိုင်းနဲ့ ဆိုင်တဲ့ အရာလို နည်းပြ မာရက်စ်ကာက ပြောလိုက်ပါတယ်။ ပယ်မာဟာ ချဲလ်ဆီးအသင်းအတွက် ရာသီအစ ၂၃ ပွဲမှာ ၁၄ ဂိုးအထိ သွင်းယူ ပေးနိုင်ခဲ့ပေမယ့် နောက်ဆုံး ၁၆ ပွဲဆက်ဂိုးပေါက်ပျောက်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အချက်အလက်တွေအရ ပယ်မာဟာ ဂိုးပေါက်ပျောက်နေတဲ့ ကာလအတွင်း ဂိုးပေါက်ကန်သွင်းခွင့် ၄၁ ကြိမ်အထိရခဲ့ပြီး ဒါက တစ်ခြား ပရီးမီးယားလိဂ်ကစားသမားတွေထက် အခွင့်အရေးပိုရခဲ့တာဖြစ်တယ်လို့ သိရပါသည်။



news-view-count-icon

16