back

အားသွင်းစရာမလိုဘဲ နှစ်ပေါင်း ၅၇,၀၀ သုံးနိုင်သည့် ဘက်ထရီကို ဗြိတိန်တီထွင်

Apr 26 • 2:37 PM

breaking-news

မြန်မာ

ပြည်ပ

cover

အားသွင်းစရာမလိုဘဲ နှစ်ပေါင်း ၅၇,၀၀ သုံးနိုင်သည့် ဘက်ထရီကို ဗြိတိန်တီထွင်

ဗြိတိန်နိုင်ငံ၊ Bristol တက္ကသိုလ်နဲ့ UK Atomic Energy Authority တို့က သုတေသနပညာရှင်တွေပူးပေါင်းပြီး အားပြန်သွင်းစရာ မလိုဘဲ နှစ်ပေါင်း ၅,၇၀၀ အသုံးခံတဲ့ “Carbon-1...

ဗြိတိန်နိုင်ငံ၊ Bristol တက္ကသိုလ်နဲ့ UK Atomic Energy Authority တို့က သုတေသနပညာရှင်တွေပူးပေါင်းပြီး အားပြန်သွင်းစရာ မလိုဘဲ နှစ်ပေါင်း ၅,၇၀၀ အသုံးခံတဲ့ “Carbon-14 Diamond Battery”လို့ နာမည်ရတဲ့ ဘက်ထရီတစ်မျိုးကို တီထွင်လိုက်ပါတယ်။ ဒီဘက်ထရီဟာ လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်တဲ့ စိန်နဲ့တူတဲ့ ကာဗွန် Structure ထဲမှာ High-energy Electrons ကို ဖမ်းယူပေးခြင်းဖြင့် နှစ်ပေါင်းထောင်ချီ အသုံးခံနိုင်အောင် တီထွင်ထားတာ ဖြစ်ပါတယ်။ Carbon-14 ဒြပ်ထုကို နယူးကလီးယား ဓါတ်ပေါင်းဖိုကနေ စွန့်ထုတ်ထားတဲ့ Graphite Block တွေကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နယူးကလီးယား စွန့်ပစ်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ လျှပ်စစ်စွမ်းအင်ကို နှစ်ပေါင်းများစွာ ထုတ်လုပ်ပေးနိုင်ပြီး အာကာသစူးစမ်းလေ့လာရေးအတွက် လည်းအသုံးဝင်မှာဖြစ်ပါသည်။



news-view-count-icon

21