ဓမ္မစကူးလ်ဖောင်ဒေးရှင်းဗဟိုဥက္ကဋ္ဌ၊ မုံရွာမြို့၊ ရန်ကင်းဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဧပြီလ(၂၆)ရက်ကကျင်းပရာ စျာပနလှည့်လည်ရာ လမ်းတလျောက် မုံရွာမြို့သူ မြိုသားများစွာ ဖူးမြှော်ခဲ့ကြသည်။ဧပြီလ (၂၆)ရက် ၊ နံနက် (၇)နာရီ ဆွမ်းစဥ်အပြီးတွင် သရဏဂုံတင် အခမ်းအနားကျင်းပကာ မုံရွာဇင်မာအောင်အဖွဲ့ကဧယာဥ်ကျူးကာ မွန်းလွဲ (၂)နာရီခွဲတွင် ရန်ကင်းကျောင်းတိုက်မှ အဂ္ဂိစျာပနကွင်းသို့ ပင့်ဆောင်ကြသည်။အဂ္ဂိစျာပနကွင်းတွင် ဥတုဇရုပ်ကလာပ်တော်ကို ညနေ (၅) နာရီခွဲအချိန် အစီအစဥ်အတိုင်း မီးပူဇော်ခဲ့ကြပြီး ဧပြီလ(၂၇) ရက် ၊နံနက် (၆)နာရီတွင် ကြွင်းကျန်ရစ်သော အရိုးပြာကောက်ယူကာ ချင်းတွင်းမြစ်အတွင်း ဥဒကဝါဟန အရိုးပြာရေမျှောကြမည်ဖြစ်သည်။



