ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ခရမ်းချဉ်သီး စျေးနှုန်း အနည်းငယ် တက်လာသော်လည်း အရောင်းအဝယ် နည်းပါးနေကြောင်း တောင်သူများထံမှ သိရသည်။၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက် တွင် အင်းလေးကန် ပေါက်စျေး ခရမ်းချဉ်သီး တစ်ပိဿာလျှင် အစိမ်း တစ်ထောင်ကျပ် ၊ အမှည့် ၈၅၀ ကျပ် ပေါက်စျေး ရှိသော်လည်း အရောင်းအဝယ် နည်းကြောင်း ခရမ်းချဉ်သီး ရောင်းဝယ်ရေး ကုန်စည်ဒိုင် များထံမှ သိရသည်။တောင်ကြီးစျေးနေ့တွင် အင်းလေး ခရမ်းချဉ်သီး အလုံးရှယ် တစ်ပိဿာ တစ်ထောင်ကျပ် ရောင်းချကြောင်း သိရသည်။



