မြောက်ကိုရီးယားသည် စွမ်းအားအပြင်းဆုံးလက်နက်များ တပ်ဆင်ထားသည်ဟု ကြေညာထားသည့် ဖျက်သင်္ဘောအသစ်တစ်စင်းကို ထုတ်ဖော်ပြသခဲ့ပြီး အဆိုပါ သင်္ဘောဖွင့်ပွဲအခမ်းအနားသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် တက်ရောက်ခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဧပြီ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။ကင်သည် AI နည်းပညာများ အသုံးပြုထားသည့် အသေခံဒရုန်းအသစ်များ၊ ကင်းထောက်ဒရုန်းအသစ်များ စမ်းသပ်မှုကို ကြီးကြပ်ခဲ့ပြီးနောက် တစ်လအကြာတွင် ဖျက်သင်္ဘောအသစ်တစ်စင်းကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။
| 24 | 0 | 0 | 0 |


