back

တရားမဝင် ဝင်ရောက်လာသည့်မြန်မာနိုင်ငံသား ၁၉ ဦး လိုက်ပါစီးနင်းလာသည့်ကား မောင်းပြေးရင်း မြစ်ထဲကျ

Apr 26 • 10:20 AM

breaking-news

မြန်မာ

ပြည်ပ

cover

တရားမဝင် ဝင်ရောက်လာသည့်မြန်မာနိုင်ငံသား ၁၉ ဦး လိုက်ပါစီးနင်းလာသည့်ကား မောင်းပြေးရင်း မြစ်ထဲကျ

တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၉ ဦး လိုက်ပါစီးနင်းလာသည့် ကားတစီး ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်တွင် မောင်းပြေးရာမှ မြစ်ထဲကျပြီး ကားပေါ်ပါလာသူများဖမ...

တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၉ ဦး လိုက်ပါစီးနင်းလာသည့် ကားတစီး ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်တွင် မောင်းပြေးရာမှ မြစ်ထဲကျပြီး ကားပေါ်ပါလာသူများဖမ်းဆီးခံရသည်။မြန်မာနိုင်ငံသားများအား တင်ဆောင်လာသည့် အနက်ရောင်ပစ်ကပ်ကားသည် ထိုင်းအာဏာပိုင်များ၏ လိုက်လံဖမ်းဆီးခြင်းခံရမှုကြောင့် မောင်းပြေးရာမှ လက်ယာခရိုင်၊ Nong Bua ခွိုင်ယိုင်မြစ်ကူးတံတား အနီးအရောက် မြစ်ကမ်းစပ်တွင်ရေဆေးနေသည့် ကားတစီးအားဝင်တိုက်မိပြီး မြစ်ထဲထိုးကျသွားခဲ့ကာ ယာဉ်မောင်းမှာ မြစ်ကိုဖြတ်ကူးထွက်ပြေးသွားကြောင်း ဖော်ပြထားသည်။ကားပေါ်ပါလာသူ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် မြန်မာနိုင်ငံသား ၁၉ ဦးသည် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။

news-view-count-icon

19