ယခုသီတင်းပတ်အတွင်း ကက်ရှ်မီးယားတွင် ကမ္ဘာလှည့်ခရီးသွားများ ေ-သဆုံးခဲ့ရသည့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာနေရာကို အိန္ဒိယ ကြည်းတပ်အကြီးအကဲသွားရောက်မည်ဖြစ်ကာ လုံခြုံရေးဆိုင်ရာ အစီအမံများကို ပြန်လည်သုံးသပ်မည်ဟုဆိုသည်။ ယင်းတိုက်ခိုက်မှုကြောင့် ကာလကြာရှည် ပြိုင်ဘက် ပါကစ္စတန်နှင့် တင်းမာမှုအသစ်များဖြစ်လာမည်ကို စိုးရိမ်မှုများရှိနေသည်။ ပါဟယ်လ်ဂမ်ဒေသ အပန်းဖြေစခန်းတစ်ခုတွင် စစ်သွေကြွများက အမျိုးသား ၂၆ ဦးကို ပစ်သ-တ်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သော ယင်းတို-က်ခို-က်မှုတွင် ပါကစ္စတန်ဆက်နွယ်မှုရှိကြောင်း အိန္ဒိယက ပြောကြားခဲ့သည်။ အစ္စလာမ်မာဘတ်ကမူ လုံး၀ ပတ်သက်ဆက်နွယ်ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။ 
| 29 | 0 | 0 | 0 |


