ထိုင်းရဲ့ ပထမဆုံး Michelin 3 Star ရတဲ့ Sorn စားသောက်ဆိုင်ပိုင်ရှင် Supaksorn Jongsiri က ထိုင်း စားသောက်ဆိုင်တွေဟာ တရုတ်ပိုင် စားသောက်ဆိုင်တွေရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို ခံနေရတယ်လို့ ပြောပါတယ်။ အဲဒီစားသောက်ဆိုင်တွေဟာ တရုတ် ကနေ ဟင်းချက် ပစ္စည်းတွေကို ထိုင်းကို တင်သွင်းလာပြီး တရုတ် ခရီးသွားတွေကို ရောင်းချနေကြတယ်လို့ သူက ပြောပါတယ်။ နိုင်ငံခြားသားတွေဟာ ထိုင်းရဲ့ ခရီးသွားလုပ်ငန်းကနေ အကျိုးအမြတ်ရအောင် ပြုလုပ်နေကြပြီး စားသောက်ဆိုင်တွေ ဖွင့်လှစ်ထားကြတယ်လို့ Supaksorn က ပြောပါတယ်။ တရုတ် စားသောက်ဆိုင်တွေဟာ ဆိုင်ခွဲတွေ ပိုမို ဖွင့်လှစ်လာကြတဲ့အတွက် ဒီနှစ်မှာ ထိုင်း စားသောက်ဆိုင်တွေဟာ အလူးအလဲခံနေကြရတယ်လို့ Michelin Guide က ဦးစီးကျင်းပတဲ့ ဆွေးနွေးပွဲမှာ သူက ပြောပါတယ်။ ဖောက်သည် ခိုင်ခိုင်မာမာ ရထားတဲ့ စားသောက်ဆိုင်တွေပဲ ရှင်သန်နိုင်မယ်လို့ ပြောပါတယ်။ 
Apr 26 • 2:44 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 25 | 0 | 0 | 0 |


