ချယ်လ်ဆီးအသင်းသည် မန်စီးတီးအသင်းမှ ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ဒီဘ ရိုင်းနားကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ ဒီဘရိုင်းနား (၃၃ နှစ်)သည် လာမည့်နွေရာသီတွင် မန်စီးတီးအသင်းနှင့် လမ်းခွဲတော့မည်ဖြစ်ပြီး မေဂျာလိဂ် သို့မဟုတ် ဆော်ဒီလိဂ်သို့ ရောက်ရှိလိမ့်မည်ဟု ထင်ကြေးပေးနေကြသည်။ သို့သော် ဒီဘရိုင်းနားကိုယ်တိုင်က ၎င်းအနေဖြင့် ဥရောပတွင် ဆက်လက်ယှဉ်ပြိုင်ဖွယ်ရှိကြောင်း ဖွင့်ဟထားသည်။ ထို့ကြောင့် ချယ်လ်ဆီးအသင်းက ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိမည့် ဒီဘရိုင်းနားကို ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရသည်။
Apr 26 • 2:43 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 23 | 0 | 0 | 0 |


